သတင်းများ

နမ့်စန်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၂၆) ကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Jan 28,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းများအလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Jan 28,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုး တိုးတက်စေရေး အစီအစဉ်ဖြင့် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉၆) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အောင်ပွဲအခမ်းအနားသို့တက်ရောက်
Jan 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် (၃၈)ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော် အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်များပေးအပ်လှူဒါန်း
Jan 28,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်များ ရရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူလေးများ၏ စာပေစကားဝိုင်းဆွေးနွေးနေမှုနှင့် သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်း ပြသထားရှိမှုများကို ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။
တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်း ကျောင်းသား/သူများအားကျောင်းတွင်း အာဟာရကျွေးမွေး
Jan 28,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသောKG တန်းမှ ကျောင်းသား/သူ ၂၄၃၂ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ မြို့မ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ “သစ်တော ထိန်းသိမ်းရေး၊‌ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျော့ချ‌ရေးဆိုင်ရာအသိပညာပေး” ဟောပြောပွဲကျင်းပ
Jan 28,2025
မော်လမြိုင်မြို့နယ်သစ်တောဦးစီးဌာနက ပြည်သူများအား “သစ်တောထိန်းသိမ်းရေး၊ ‌ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချ‌ရေးဆိုင်ရာအသိပညာပေး” ဟောပြောပွဲကို သစ်တောဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်း ဘိုကုန်းရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
Jan 28,2025
ပညာရေးဝန်ကြီးဌာနနှင့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊  မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 28,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျွဲတဲရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။