မြစ်ကြီးနား ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မာရိပ်သာကျောင်းတိုက်အတွင်း တည်ထားကိုး ကွယ်တော်မူသည့် တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော် အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ပြီး ရဟန်း၊ သံဃာ များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူး၏ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များက စေတီတော်ပုရဝုဏ်၌လည်းကောင်း၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက စေတီတော်မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းဝင်းအထိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ ကိုရင်များနှင့် သီလရှင်ဆရာများ စုစုပေါင်းအပါး ၂၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများကို လှူဒါန်းခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် တက္ကသိုလ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဗိုလ်လုပွဲယှဉ်ပြိုင်ကမည့် သံလွင်ဧရာအသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့မှ ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဓာတုဗေဒဘာသာရပ်အသင်းက ၂ ဂိုး ဂိုးမရှိ ခြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ကြရာ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်တာဝန်ရှိ သူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းရာသီအားကစားပြိုင်ပွဲများဖြစ် သည့် အမျိုးသား/ အမျိုးသမီးဘောလီဘောနှင့် ဘောလုံးပြိုင်ပွဲများတွင် တစ်ဦးချင်းအကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအတွက် တစ်ဦးချင်းလည် ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား၊ အမျိုးသမီးဘောလီဘောနှင့် ဘောလုံးပြိုင်ပွဲများတွင် ဒုတိယနှင့် တတိယဆုရအသင်းများအတွက် ဂုဏ်ပြုဆုဖလားများကိုလည်းကောင်း၊ ပြည် နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသမီးဘောလီဘောအသင်းနှင့် ပထမဆုရ အမျိုးသားဘောလုံး အသင်းတို့အတွက် တံခွန်စိုက်ဆုဖလားများအားလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)