ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုအတွင် လယ်/ယာမြေများစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရေးအတွက် စိုက်ပျိုးသည့်ရေများ လုံလောက်စွာရရှိရေးဆိုင်ရာလုပ်ငန်းများ၊ ဟိုနား-ဟိုဟိကျေးရွာချင်းဆက်လမ်းပိုင်းတွင် သဘာဝဘေးကြောင့်ပျက်စီးသွားသည့် ‌ပါယေချောင်းကူးတံတားနှင့် နာဖပလီ ချောင်းကူးတံတာများ ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ဟွေယို့ကျေးရွာ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့အပြင် ဝမ်အွယ်ကျေးရွာ အခြေခံပညာစက်မှု စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရေးအတွက် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနိုးဝေက အားကစားပစ္စည်းများ၊ ကြက်ဥနှင့် စားသုံးဆီများအားပေးအပ်ပြီး ကျောင်းအတွက် သုတ၊ ရသ စာအုပ်စာစောင်များနှင့် ချီးမြင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)