မုံရွာ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၈) နှစ်မြောက်၊ ပြည်ထောင်စု နေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အခမ်းအနားကြီးအား တိုင်းဒေသကြီးအဆင့်နှင့်လျှော်ညီအောင် ခမ်းခမ်းနားနား ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြမှသာ သက်မှတ်အချိန်တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လုံခြုံရေးကိုလည်း စနစ်တကျစီမံကာ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင် အောင်ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့အချိန်နှင့်တစ်ပြေး ညီတင်ပြသွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဉက္ကဠ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ထားရှိမှုနှင့် ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားပြင်ဆင်ရေးကော်မတီ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှလည်းကောင်း၊ ဖိတ်ကြားရေး၊ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီမုံ ရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်းကောင်း၊ ပို့ဆာင်ရေးကော်မတီ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန လည်းကောင်း၊ ပြန်ကြားရေးကော်မတီ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှလည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ လုံခြုံရေးကော်မတီ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးမှလည်းကောင်း ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်း အနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထွေထွေအကြံ ပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)