ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းအား နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ကြည့်ရှုစစ်ဆေး

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၈

နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြား‌ရေးမှူး ဦးမြတ်သီဟသည် ယ​မန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့နောက် ညွှန်ကြား‌ရေးမှူး ဦးမြတ်သီဟက မီးသတ်စခန်းရှိ တပ်ဖွဲ့၀င်များအား စစ်ဆေးပြီး  မီးဘေးလုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန်၊ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်ကို ကျေပွန်အောင်ဆောင်ရွက်ကြရန်၊ မီးငြှိမ်းသတ်ယာဉ်များ ကြံ့ခိုင်မှုရှိ၊ မရှိ စစ်ဆေးခြင်း၊ စခန်းသန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ်အတွင်း ဈေး၊ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ထားရှိရေးတို့ကို လမ်းညွှန်မှာကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်က မြို့နယ်အတွင်း သင့် (၄) သင့်၊ မြန် (၃) မြန်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)