ကမာရွတ် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ဆရာအတတ်ပညာတတ်ကျွမ်းကျင်မှု စံသတ်မှတ်ချက်အညွှန်းဘောင်(TCSF Leavel-2)ခရိုင်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာကမာရွတ်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုလှိုင်က အဖွင့်အမှာစကားနှင့် သင်တန်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းဆင့်သင်(အတွေ့အကြုံရှိ) ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဖွင့်လှစ်ဆွေးနွေးခြင်းဖြစ်ကာ အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့မှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၀၅)ဦး တက်ရောက်ကြခဲ့ပြီး ဆရာ၊ ဆရာမ(၄)ဦးတို့မှ ဇူလိုင် ၂၅ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့ထိ ဖွင့်လှစ်ဆွေးနွေးသင်ကြား ဆွေးနွေးပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)