သံဖြူဇရပ်မြို့နယ် နှစ်ကိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇူလိုင် ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် နှစ်ကိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက်မွန်းလွဲပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့မွန်ပြည်နယ် အစိုးရအဖွဲ့၊ အဖွဲ့ဝင်မွန်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနိုင်လယိတမ၊ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ နှစ်ကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြေငှား ဂရန်ရရှိသည့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။

ဦးစွာမွန်ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်၊ မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမကအမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ကျေးရွာမြေငှားဂရန် ခွင့်ပြုချထားပေးခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး နှစ်ကိုင်းကျေးရွာရှိ ကျေးရွာမြေငှားဂရန်ရရှိသည့် အိမ်ထောင်စု(၁၂၅)စုအား မွန်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမနှင့် တာဝန်ရှိသူတို့က ​သေခံ​ပြည်သူများအားအသီးသီးပေးအပ်ခဲ့ရာ နှစ်ကိုင်းကျေးရွာရှိ ပြည်သူတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)