စေတုတ္တရာ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများက မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးအား အာဟာရကျွေးမွေးခြင်းတို့ကို ပြုလုပ် သည်။
အဆိုပါကျောင်းတွင်း အဟာရကျွေးခြင်းကို ကျောင်းနေအရွယ်ကလေးများအဟာရ ပြည့်ဝစေရန်နှင့် ကျောင်းစာသင်ကြားရာတွင် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျောင်းများရှိ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ အာဟာရကျွေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)