ငဖဲ ဇူလိုင်၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ တောင်သူလယ်သမားများထံ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာအုပ်စု ၁၄ အုပ်စုအား ချေးငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာအုပ်စု ၁၄ အုပ်စုမှ တောင်သူ ၁၀၁၄ ဦး၏ မိုးစပါး ၁၇၈၄ ဧက၊ နှမ်း ၂၂၇၆ ဧကနှင့် ပဲစဉ်းငုံ ၃၃ ဧက စုစုပေါင်းစိုက်ဧက ၄၀၉၃ ဧက အတွက် ချေးငွေကျပ် သိန်းပေါင်း ၁၁၁၂၄ သိန်း ၅ သောင်းကို ထုတ်ချေးပြီးစီးပြီး ကျန်ရှိသည့်ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)