သတင်းများ

‎မဟာအောင်မြေမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများကွင်းဆင်း၍ ကျောင်းကျန်းမာရေးဆောင်ရွက်
Jul 17,2026
‎‎မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၉) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ
Jul 17,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများကို ယနေ့နံနက် ၉ နာရီက ပြသထားသည်။
မိုင်းရှူးမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ထိမ်းအမှတ် ကဗျာ၊စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်လာမည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းပျဥ်းမြို့ အ.ထ.က(ခွဲ) ၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေး
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၊ နီလာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းများ ပြသသွားမည်
Jul 17,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့၌ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိကာ မျိုးချစ်စိတ်ဓာတ်များရှင်သန်လာစေရန်ရည်ရွယ်၍ ဗိုလိချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းများပြသနိုင်ရေး ယနေ့နံနက်ပိုင်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 17,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Diamond Stars ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များ ဗဟုသုတအမြော်အမြင်တိုးပွားစေရန်နှင့် နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်တာဝန်ရှိသူများ၊ Diamond Stars ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူများ၊ ဒုတိယကျောင်းအုပ်ကြီး ဦးစိုးနိုင်၊ ဆရာ/ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။
ချမ်းမြသာစည်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပ
Jul 17,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်​လေးများ အာဇာနည်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို သတိရအောက်မေ့ စေရန်ရည်ရွယ်၍  အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
‎မဟာအောင်မြေမြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 17,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်  စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကို  ကျင်းပသည်။