ကျောင်းပြင်ပ ပညာရေး ကျောင်းသား/သူများ ထားဝယ်တက္ကသိုလ် သို့ သွားရောက်ကြည့်ရှုလေ့လာ
Oct 19,2025
ကျောင်းပြင်ပ ပညာရေးကျောင်းသား၊ ကျောင်းသူများအနေဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးနှင့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာမှဦးဆောင်၍ ကျောင်းပြင်ပပညာရေးကျောင်းသား/သူများက ထားဝယ်တက္ကသိုလ်သို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက် ကြည့်ရှု လေ့လာသည်။