သတင်းများ

စေတုတ္တရာမြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jul 17,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းစာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ
Jul 17,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် တန့်ယန်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။
ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ကဗျာပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တို့နှင့်ပူးပေါင်း၍ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ကဗျာပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် ဆုပေးပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ် အ-ထ-က(ခွဲ)(ကျားဘို)ကျောင်း၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်
Jul 17,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀) နာရီက ပေါင်မြို့နယ် အ-ထ-က(ခွဲ)(ကျားဘို)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၉)‌မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ‌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်၌ နွေစပါး ၄၆၄ ဧက ရိတ်သိမ်းပြီးစီး
Jul 17,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီက မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးများ ၄၆၄ ဧက ရိတ်သိမ်းပြီးစီးပြီး ၉၀.၉၇ တင်းနှုန်းဖြင့် စပါးတင်းပေါင်း ၄၂၂၁၁ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးတက္ကသိုလ် (၂) မှ ကျောင်းသား/သူများ လာရောက်လေ့လာ
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့က ဆေးတက္ကသိုလ် ၂ မှ ကျောင်းသား/သူများ လာရောက်လေ့လာကြသည်။