လိပ်သို ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများကို ယနေ့နံနက် ၉ နာရီက ပြသထားသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ မှတ်တမ်းဓာတ်ပုံများ၊ (၁၉) ဇူလိုင် မမေ့နိုင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ ဓာတ်ပုံပိုစတာများ စသည့် အသိပညာပေးအကြောင်းအရာများကို ပြသထားရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် အသိပညာပေး TalkShow အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း