‎မဟာအောင်မြေမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများကွင်းဆင်း၍ ကျောင်းကျန်းမာရေးဆောင်ရွက်

မဟာအောင်မြေ ဇူလိုင် ၁၇

‎‎မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမင်းဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌  ကျောင်းကျန်းမာရေးကွင်းဆင်း၍  ကျောင်းကျန်းမာရေးအကြောင်းဟောပြောခြင်း၊ တစ်ကိုယ်ရေးသန့်ရှင်းရေးအကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးအကြောင်း၊ ကိုယ်လက်လှုပ်ရှားကျန်းမာရေး၊ ကျန်းမာပြည့်ဝအာဟာရနှင့်ကိန်းမာရေးနှင့်ညီညွတ်စေရန် မုန့်ဈေးတန်းများအား စစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း