နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းများ ပြသသွားမည်

နတ်မောက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့၌ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများကို အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိကာ မျိုးချစ်စိတ်ဓာတ်များရှင်သန်လာစေရန်ရည်ရွယ်၍ ဗိုလိချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းများပြသနိုင်ရေး ယနေ့နံနက်ပိုင်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးဌာနခွဲ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် စိမ်းလန်းစိုပြေသာယာလှပအောင်နှင့် ဘက်စုံထိန်းသိမ်းရေးလုပ်ငန်းကော်မတီအဖွဲ့တို့ကကြီးကြပ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းများပြသနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ၂၀၂၆ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉)နှစ်မြောက် အာဇာနည်နေ့ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုများကိုခံယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နံနက်(၈)နာရီမှညနေ(၆)နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးရှိပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

လှဝင်း