သတင်းများ

မိုင်းကိုင်မြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက မင်းနန်သူကျေးရွာ နန်းမြင့်မျှော်စင်ခန်းမတွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်
Jul 17,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ် ဒူးရင်းဆိပ်‌ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
Jul 17,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ယာယီရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်သည်။
မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြော
Jul 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စပါယ်ခန်းမဆောင်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်
Jul 17,2026
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ဟိန်းချမ်းမြေ့ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက ဦးစွာ လမ်းညွှန်အမှာစကား ပြောကြားသည်။
အုတ်တွင်းမြို့နယ်၌ က​လေးအလုပ်သမားပ​​ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jul 17,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၃၉) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။