သတင်းများ

မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၂)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့ အ.မ.က မိုး‌ကောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Jul 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်ရွယ်၍ ပြန်/ဆက်‌‌ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ (၁‌‌၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အ.မ.က မိုးကောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူပန်းချီပြိုင်ပွဲ ပြုလုပ်
Jul 17,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သရက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 17,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဘာဝနာဘုန်း‌တော်ကြီးကျောင်းရှိကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဘာဝနာဘုန်းတော်ကြီး စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
သီပေါမြို့နယ်၌ “အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်
Jul 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျောင်းစုကျေးရွာ “အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ရုံးခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့၊ အ.လ.က(ကျောက်တိုင်)၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော
Jul 17,2026
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ကျောက်တိုင်)တို့ ပူးပေါင်း၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၇ ရက်၊ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်သည်။
မိုင်းယောင်းမြို့၌ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။