သတင်းများ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 15,2025
 မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိနက အပိုင်း(၃)ပိုင်းခွဲကာအဖွဲ့ (၁)မှ ပက်တန်းကျေးရွာအုပ်စု၊ တလိုင်းကုန်းဘုန်းကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း အဖွဲ့ (၂) အုပ်စုမှ ရွှေလှေကြီးကျေးရွာအုပ်စု၊ ရွှေလှေကြီးဘုန်းကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း၊ အဖွဲ့(၃)မှ မင်းရွာ၊ ကံကုန်းဘုန်းကြီးကျောင်းဓမ္မာရုံတို့တွင် တဆက်တည်းဆောင်ရွက်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်နေ့စဥ် ဆောင်ရွက်လျက်ရှိ
Sep 15,2025
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် နှင့်ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) အမှတ်(၈) အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်‌တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ် သာယာလှပစေရေး အလှပန်းပင်များ စိုက်ပျိုး
Sep 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အား သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စဉ်ဆက်မပြတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘိုကလေးမြို့နယ်သာယာလှပစေရေးအတွက် အလှပန်းပင်များ စိုက်ပျိုးခဲ့ကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club စာဖတ်ဝိုင်းပြုလုပ်
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိူးသူအသင်းတို့ ပူးပေါင်း၍ လစဥ်ပုံမှန် Book Club စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာတွင် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကလီထော်အနောက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လည်းကူးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေး
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ပြီး လှည်းကူးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးသည်။
ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပ
Sep 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် မိုးရာသီကာလဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သိရှိကာကွယ်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။