ညောင်ဦးမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်သုံးမီတာများ တပ်ဆင်ပေး
Jul 17,2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ လမ်းညွှန်မှုညွှန်ကြားမှုများနှင့်အတူ ညောင်ဦးရိုင် လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့၏ ကြီးကြပ်မှုဖြင့်ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊အငယ် တန်းအင်ဂျင်နီယာ-၂ တို့ဦးဆောင်၍ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက စတင်ကာ အိမ်သုံးမီတာ များတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။