‎မဟာအောင်မြေမြို့နယ် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်  စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲကို  ကျင်းပသည်။

ဦးစွာ  စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန ဦးစီးအရာ ဒေါ်ခင်နှင်းဆီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့သည်။

‎‎ထို့နောက် စာရေးဆရာကြီး အိုးဝေ(မြေနီကျင်း)က ယနေ့လူငယ်နှင့်အာဇာနည်စိတ်ဓာတ် အကြောင်းဖြစ်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊အာဇာနည်နေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ အတ္ထုပ္ပတ္တိနှင့် စွမ်းဆောင်မှုများ၊ အာဇာနည်တို့၏ စိတ်ဓာတ်နှင့် စွမ်းရည်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံ့အပေါ်ကြိုးစားပေးခဲ့ပုံ၊ ကျောင်းသား၊သူများအနေဖြင့်လည်း နိုင်ငံ့အပေါ် စွမ်းစွမ်းတမံဉာဏစွမ်းအား၊ ကိုယ်ကာယစွမ်းအားတို့ဖြင့် ဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်ဖြင့်လာရောက် ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိ ပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အာဇာနည်နေ့ (သို့မဟုတ်) မမေ့နိုင်သောနေ့တစ်နေ့ နံရံကပ်စာစောင်များ သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

အောင်ဇော်မင်း