(၂၀၂၅)ခုနှစ်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ခရိုင်အတွင်းဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်ကာ (၂၀၂၅)ခုနှစ် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တောင်ငူခရိုင် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ခရိုင်အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်၍ အုပ်စုပွဲစဥ်များ၊ အကြိုဗိုလ်လုပွဲစဥ်များ ယှဥ်ပြိုင်ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားသည်။