သတင်းများ

တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Jul 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော် တည်ဆောက်ရန်အတွက် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဗိမာန်တော် တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် (၇၉)နှစ် မြောက်အာဇာနည်နေ့ ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
စကုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 17,2026
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို စကုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jul 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ထန်းကုန်းကျေးရွာတွင်ဒေသခံ တောင်သူ ဦးဇော်မြင့်၏ ကွင်း၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
စလင်းမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးအပ်
Jul 17,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ရုံးမှဝန်ထမ်းများက နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအား ကစားခန်းမဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများအား စု​ပေါင်းစာဖတ်ဝိုင်းပြုလုပ်
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများအား စုပေါင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီက ကျောင်းစာသင်ခန်း၌ ပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 17,2026
မင်္ဂလာဒုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်အတွင်း မမင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပတ္တမြား RHC ပေါင်းကူး SC အပိုင် စမ်းမြသီတာသီလရှင်‌ကျောင်းနှင့် ဆရာဇော်ကိုယ်ပိုင်ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များပြသ
Jul 17,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များပြသခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။