လွိုင်လင်မြို့၌ (၉၃) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

လွိုင်လင် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ၁၃၈၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မိန်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဝါဆိုဝါကပ်တော်မူကြသော လွိုင်လင်မြို့ပေါ်ရှိ ကျောင်းတိုက်များနှင့် ကျေးရွာဘုန်းကြီး ကျောင်းများမှ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ‌ဆရာလေးများအား  မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ ဆွမ်းဆန်စိမ်းလောင်း လှူပွဲတွင် လွိုင်လင်မြို့ မြို့လယ်ကျောင်းတိုက် မဟာမြတ်မုနိ ဘုရားကြီးစုရပ်မှ  မြတ်စွာဘုရားရှင်နှင့် သံဃာ စုစုပေါင်း ၃၂၀ ပါးတို့‌က ဆွမ်းဆန်စိမ်း လောင်းလှူမည့် မုဒ်ဦး၊ ရာဇမတ် ကာရံထားသည့် ပန်းခင်းလမ်းသို့ ဒေသစာရီကြွချီလာရာ လွိုင်လင်မြို့ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ ၊ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရဟန်း၊ သာမဏေများနှင့် သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူကြကြောင်း သိရသည်။

လွိုင်လင်မိုး