ကံမ အောက်တိုဘာ ၁၀
ယမန်နေ့ ညပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ကံမမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်၊ ရွှေစည်းခုံစေတီတော်၊အောင်သိဒ္ဓိကန်လယ်ဘုရားနှင့်သက်တော်ရှည် သက်တော်ရ ဘုရားနှစ်ဆူ အစရှိသည့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)