ဟင်္သာတ အောက်တိုဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ၂ ဖြင့် ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့နယ် ကရင်အင်း ကျေးရွာ အုပ်စု ကရင်အင်း အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် မြို့နယ်လဝက ဦးစီးမှူးတို့က ပန်းခင်းစီမံချက် အဆင့် ၂ ဖြင့် ရပ်ကွက်ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အခြေခံလူဦးရေ စာရင်းများကိုလည်း ပြည့်စုံမှန်ကန်ရေးတို့ကို ဆောင်ရွက်နေမှုများ၊ ပြည်သူများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများသည် အရေးကြီးကြောင်း ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာနေ ပြည်သူများထံသို့ ဗိုလ်မှူးကျော်စွာထွန်းမှ လည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးမှ လည်းကောင်း၊ မြို့နယ်လဝကမှူး ဦးစိုးမြင့်အောင်မှ လည်းကောင်း၊ မြို့နယ်စီမံ အဖွဲ့ဝင်များမှလည်းကောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၂၉)ကတ်အား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ