ကွန်ဟိန်း အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲအား (၁၃၈၄ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ ညနေ (၆) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီမီးတစ်သောင်းထွန်းညှိပူဇော်ပွဲတွင် စစ်ဗျူဟာ (အခြေချ) ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ် ဦးဆောင်၍ ကွန်ဟိန်းတပ်နယ်မိသားစု၊ မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတို့မှ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ခဲ့ကြပြီး စစ်ဗျူဟာ (အခြေချ) ကွန်ဟိန်းမှ ကြာဇံဟင်းခါးကျွေး မွေးအလှူဒါန ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် ဒေသခံပြည်သူများမှ အကအလှများဖြင့်ဖျော်ဖြေခဲ့ကြပါသည်။
အဆိုပါ ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲသို့ တပ်နယ်မိသားစု၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၇၀၀) ဦးခန့် စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)