မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

မန္တလေး အောက်တိုဘာ ၁၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာ ရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှု လျှို့ဝှက်ချက်စာအုပ်အား ဖတ်ရှုဆွေးနွေးသည့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ချမ်းမြေ့ အေးက ခေါင်းဆောင်မှုလျှို့ဝှက်ချက်၊ ဘဝအောင်မြင်ရေးနည်းလမ်းများ၊ ဘဝရည်မှန်းချက်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက အသီးသီးပြန်လည်ဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌက ခရိုင် စာကြည့်တိုက်သို့ သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေး(ခရိုင်ပြန်/ဆက်)