ညောင်တုန်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့မစခန်းမှူး ဒုရဲမှူးညီညီတို့က ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသော မော်တော်ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးစစ်ဆေးခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်စီးနင်းရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြုရန်၊ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်တို့ကို အသိပညာပေး စစ်ဆေးခဲ့ပြီး စည်းကမ်းမဲ့ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများကို ၂၀၂၀ ပြည့်နှစ်၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၈၇ ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)