ပင်းတယမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ည ဆီမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်၍ သီတင်းကျွတ်ပွဲတော်ကျင်းပ

ပင်းတယ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ယမန်နေ့ညက မိမိတို့ရပ်ကွက်ရှိ စေတီတော်များတွင် ဆီးမီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံများ လွှင့်တင်ခြင်းများကို ဒေသခံတိုင်းရင်းသားပြည်သူများမှ သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပခဲ့သည်။

သီတင်းကျွတ်လ မီးထွန်းပွဲတော်အား ပင်းတယမြို့နယ်ရှိ မိဘပြည်သူများက ရှေးအစဉ်အလာအတိုင်း မိမိတို့၏ နေအိမ်တွင် ရောင်စုံလျှပ်စစ်မီးများ အလှဆင်ခြင်း၊ ဆီမီးများထွန်းညှိခြင်း၊ မီးပုံးပျံများလွှင့်တင်ခြင်းတို့ကို နှစ်စဉ်ကျင်းပလျက်ရှိ​ပြီး၊ ထိုသို့ဆောင်ရွက်ကြရတွင် ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ မိမိတို့၏သက်စေ့အဖြစ် ဆီးမီးထွန်းညှိပူဇော်ခြင်း၊ အများစုပေါင်းထည့်ဝင်ငွေဖြင့်ဆီမီး (၁၀၀၀)၊ (၁၅၀၀)စသဖြင့်ကပ်လှူခြင်း၊ ဓနုအိုးစည်တီး၍ ဓနုသံချပ်များသီဆိုကာ ရိုးရာပွဲတော်ကို ပျော်ရွှင်စွာကျင်းပသည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)