တောင်ဥက္ကလာပမြို့နယ်တွင် Book Club အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်

တောင်ဥက္ကလာပ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့မွန်းလွဲ(၂) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ အစည်းဝေးပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

အစည်းအ‌ဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆက်လက်ဆောင်ရွက်မည့်အသိပညာပေးလုပ်ငန်းများတွင် ပူး‌ပေါင်းပါဝင်ပေးကြရန်နှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ ပိုမိုများပြားစွာဝင်ရောက်ကြရန် ဖိတ်ခေါ်အပ်ကြောင်းဆွေးနွေးခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ Book Club  ဥက္ကဋ္ဌ စာရေးဆရာမမြမဉ္ဇူဝေ(ကျုံမငေး)မှ ယနေ့လူငယ်လူရွယ်များအား ဗလငါးတန်ဖွံဖြိုးတိုးတက်‌စေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်အတွက်‌ ဟောပြောပွဲ၊ ပြိုင်ပွဲ၊ အသိပညာ‌ပေးဆွေးနွေးပွဲများအား Book Club မှ ပူး‌ပေါင်း‌ပါဝင်‌ ဆောင်ရွက်မည်ဖြစ်ကြောင်း‌ ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အတွင်းမှ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များမှ ဆက်လက်ဆောင်ရွက်မည့်စာဖတ်ဝိုင်းများ၊ အသိပညာပေးလုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် အသီးသီးညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။          

ခင်ဆွေနှင်း(ပြန်/ဆက်)