မိတ္ထီလာ အောက်တိုဘာ ၁၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ)သင်တန်း၊ စက်ခေါင်းမောင်း(တွဲရွှေ့)သင်တန်း၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(အရာရှိ)သင်တန်း အမှတ်စဉ်(၅/၂၀၂၂)တွင် သင်တန်းသား သင်တန်းသူ(၇)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၃ ပတ်ကြာမြှင့်မည်ဖြစ်ပြီး စက်ခေါင်းမောင်း(တွဲရွှေ့)သင်တန်း အမှတ်စဉ် (၃၂/၂၀၂၂)တွင် သင်တန်းသားသင်တန်းသူ ၂၃ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၁၂ ပတ်ကြာမြှင့်မည်ဖြစ်သည်။ ၎င်းအပြင် စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ်(၁၉/၂၀၂၂)ကို သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)