ညောင်ဦး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးခရီးသွားဘုရားဖူးများ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း တစ်သိန်းကျော်ထိ လာရောက်ခဲ့ကြကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဦးမျိုးမင်း အောင်(လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ စက်တင်ဘာလကတစ်ရက်လျှင် ခရီးသွားဘုရားဖူးဝင်ရောက်လာမှု ၈၀၀ ဦးခန့်ရှိခဲ့ပြီး နှစ်ဝက်ကာလအတွင်း တစ်နိုင်ငံလုံးရှိ ထင်ရှားသော စေတီ၊ ပုထိုး၊များနှင့် အပန်းဖြေစခန်းများ၊ ဆင်စခန်းများသို့ ခရီးသွားလာရောက် သူပေါင်း ခုနှစ်သိန်းခန့်ရှိကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းဘုရားဖူးခရီးသွားများသာ ယခုနှစ်လာရောက်မှုများခဲ့ကြောင်း၊ ပြည်ပခရီးသွားမရှိသ လောက်နည်းပါးခဲ့ကြောင်းသိရပြီး သီတင်းကျွတ်ပိတ်ရက်နှင့် အဖိတ်နေ့၊ လပြည့်ကျော် (၁)ရက်နေ့တို့တွင် ခရီးသွားဝင်ရောက်လာမှုအလွန်များပြားခဲ့ကာ ဖွင့်လှစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ဧည့်သည်လက်မခံနိုင်တော့သည်အထိများပြားခဲ့ကာ လက်ရှိတွင်လည်း လာရောက်လည်ပတ်မှုများ အဆက်မပြတ်လာရောက်လျက်ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)ထံက သိရသည်။
ကိုကြေးမုံ