ပန်းဘဲတန်းမြို့နယ်တွင် Mask Campaign စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်

ပန်းဘဲတန်း   အောက်တိုဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက်(၁၁) နာရီတွင်   Mask Campaign ပြုလုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးညီဗိုလ်ဗိုလ်စိုးတို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ မဟာဗန္ဓုလလမ်းနှင့် ၂၆လမ်းရှိဈေး၊ သိမ်းကြီးဈေးတို့တွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါ်ဦးဆန်းကြည်