ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်လင်း

ငါ့သရောက် အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်ထွန်းနှင့် ဝန်ထမ်းများမှ ယမန်နေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများမှ ငါ့သရောက်မြို့  ၁၁ ကေဗွီ စက်စက်ယို ဖီဒါတစ်လျှောက်  ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်၊ သစ်ကိုင်းများကို ယမန်နေ့နံနက် ၈ နာရီမှစ၍ မွန်းတည့် ၁၂ နာရီအထိ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

လျှပ်စစ်သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း လျှပ်စစ်မန်နေဂျာ ဦးဝင်ထွန်းထံမှ သိရသည်။

P.W.A (ပြန်/ဆက်)