သတင်းများ

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါအန္တ ရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ တစ်ကြိမ်တစ်ခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသည့် အသက်(၅)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပ ညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာရေးဆရာခင်စောတင့်ရေးသားသော “ နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအားကြည့်ရှုအားပေး
Oct 18,2022
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ယမန်နေ့ ညနေ ၃ နာရီ က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမောင်မန်းညိုရေးသားသော “သွားတက်ကလေးနှင့်ရသစုံကဗျာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန်အတွက် အစည်းအဝေးပြုလုပ်
Oct 18,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တအာင်းတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုပြတိုက် ပြုလုပ်ရန် အတွက် အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ဒေသဦးစီးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ
Oct 18,2022
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခြင်း အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများနေကြာသီးနှံစိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌နေကြာသီးနှံစိုက်ပျိုးရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့ထွက် တောင်ယာသခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
Oct 18,2022
မြဝတီခရိုင်၊ စုကလိမြို့သည် ရေခံမြေခံအခြေခံကောင်းသော မြို့ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့လည်းဖြစ်သည်။ စုကလိသည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာများတွင် စပါး၊ ပြောင်း၊ သခွားသီး၊ ငရုတ်သီး အစရှိသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုအချိန်တွင် စုကလိဒေသထွက် တောင်ယာသခွာသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။