မိုင်းခတ် အောက်တိုဘာ ၁၈
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သည့် အချိန်တွင်စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ စာဖတ်သည့် အလေ့အထရရှိစေရေးနှင့် စဉ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း အကြောင်းရင်းများ၊ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ကျောင်းသား/ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးပြီး ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကိုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)