စပါးအစေ့ချစနစ်ဖြင့် စိုက်ပျိုးသည့်မျိုးသန့်စပါးစိုက်ခင်းအား တောင်သူများ အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အား သက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးစေခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ချင်းခင်ကျေးရွာအုပ်စု၊ ချင်းခင်ကျေးရွာ၊ တောင်သူ ဦးမြင့်ဝင်း၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးခဲ့သည့် မျိုးကောင်းမျိုးသန့်စိုက်ခင်း(၅)ဧက စံပြစိုက်ကွက်အား တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက်ရည်ရွယ်ကာ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစို(၁၁၁)တင်း ထွက်ရှိကြောင်းသိရသည်။