ခမောက်ကြီး အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များအား ခမောက်ကြီးမြို့အတွင်း နယ်လှည့်စာအုပ်ငှားရမ်းသည့်စနစ်ဖြင့် ယမန်နေ့ညနေပိုင်းက ငှားရမ်းပေးခဲ့သည်။
အဆိုပါ သုတ/ရသစာအုပ်များ လိုက်လံငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့လာရောက်ရန် မအားလပ်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စာပေချစ်မြတ်နိုးသူပြည်သူတို့ ငှားရမ်းဖတ်ရှုချင်သည့် စာအုပ်အမျိုးအစားများကို ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများက လိုက်လံငှားရမ်းပေးခြင်းဖြင့် မြို့နေပြည်သူများ စာဖတ်ရှိန်တိုးတက်လာစေရေးကိုမျှော်တွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရူပါမြင့်