သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေး

သပိတ်ကျင်း အောက်တိုဘာ ၁၈

မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် (၇) မိုင်ကျေးရွာ၌ ပြည်သူများ လိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် သပိတ်ကျင်းတပ်နယ်မှ (၇) မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် (၇) နာရီမှ (၉) နာရီခွဲခန့် အထိ ဒုတိယအ​ကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် (၃၀) အိပ်၊ ဆီ (၁၁၀) ပိဿာ၊ ဆား၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်ဥတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်မတော်သားများ၊ တပ်မတော်မိသားစုဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပြီး ပြည်သူများလက်ဝယ်အရောက် အပြင်ပေါက်စျေးထက် သက်သာသည့်  စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာသို့ သပိတ်ကျင်းတပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ တပ်မတော်သားများ သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲ​​မြတ်တင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု အား​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)