ဝါးခယ်မမြို့နယ် ဘဲချောင်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  အောက်တိုဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်  ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့်စိုက်ပျိုးသီးနှံများ အောင်မြင်အောင် စိုက်ပျိုးကြရန်၊ သမဝါယမဦးစီးဌာနနှင့် ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်‌ရေး ကောင်စီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ တရားဥပဒေ အစီအမံများ၊ ကျေးလက် လမ်းများခင်းကျင်းရန်လျှာထားမှုများ၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်‌နေမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအား အသီးသီး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သော လုံခြုံရေးအစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက် များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)