တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲ ကျင်းပ       

တောင်သာ   အောက်တိုဘာ  ၁၉

တောင်သာမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့  ပူးပေါင်း၍  ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ကျောင်းသား/ကျောင်းသူများ  ပုံပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပထမ၊ဒုတိယ၊တတိယ ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မြင့်ကေခိုင်က အမှတ်တရဆုလက် ဆောင်များပေးအပ်ခဲ့ကြောင်းနှင့် ယင်းပြိုင်ပွဲသို့ တက်ရောက်သည့်ကျောင်းသား/ကျောင်းသူများအားလည် းအမှတ်တရလက်ဆောင်အဖြစ် ဗလာ စာအုပ်၊ခဲတံနှင့်  အချိုရည်မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံပြောပြိုင်ပွဲကို  အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်းမှကျောင်းသား/ကျောင်းသူ (၁၂)ဦး  ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)