ခမောက်ကြီး အောက်တိုဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးတပ်နယ် မိသားစုများမှ စားသောက်ကုန်များဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၈)နာရီခန့်က ခမောက်ကြီးမြို့၊ မြခွာညိုလမ်းထိပ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စားသောက်ကုန်များရောင်းချခြင်းအစီအစဉ်ကို ခမောက်ကြီးမြို့တပ်နယ် မိသားစုများက တပ်ရင်း၊တပ်ဖွဲ့အလိုက် အလှည့်ကျလာရောက် ရောင်းချပေးခြင်းဖြစ်ပြီး ယနေ့တွင် အမတ(၃၀၃)တပ်ရင်းမိသားစုမှဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်ဆီ(၅၀)သားတစ်ဘူးလျှင် (၃၀၀၀)ကျပ်၊ နန်းမြိုင်ကော်ဖီမစ်ထုပ်ကြီး တစ်ထုပ်လျှင် (၄၆၅၀)ကျပ်၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင်(၁၀၅၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်၊ဟင်းရွက်တစ်စည်းလျှင် (၁၀၀) ကျပ်၊ကြက်တစ်ကောင်(၁၀၀၀၀)ကျပ်စသည်ဖြင့် မြို့နေပြည်သူများအား ဈေးနှုန်းသက်သာ စွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)