သတင်းများ

ကျိုက်လတ် မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီး၌ တန်ဆောင်တိုင်ဆီမီး (၅၀၀၀) ပူဇော်ပွဲကျင်းပ
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ (၂)ဖြတ်လမ်းတွင် တည်ထားကိုးကွယ်တော်မူသော မဟာအတုလမြတ်မုနိံ ရပ်တော်မူဘုရားကြီးတွင် တန်ဆောင်တိုင်ဆီမီး (၅၀၀၀) ပူဇော်ပွဲကို မြန်မာ့ရိုးရာ အစဥ်အလာမပျက် ကျင်းပခဲ့သည်။
မိတ္ထီလာခရိုင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 09,2022
မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင် ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်   ဦးအောင်မိုးမြင့်၊  ဦးအောင်စောဝင်း၊ ဦးဘရန်ရှောင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းအေး၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Nov 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်  စက်မောင်း/စက်ပြင်သင်တန်း  ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက်ရောင်းချပေး
Nov 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့ ဇေတဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Nov 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ညောင်ဦးမြို့ အမှတ်(၃)၊ ငှက်ပစ် တောင်ရပ်ကွက် ဇေတဝန်ဘုန်းတော်ကြီးသင်အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့မအရှေ့ရပ်ကွက်ရှိ ပေတော(အမက)ကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူရွှေပြည်အေး (၁၁)ထပ်ဘုရားကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ဖြစ်သော မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ပွဲများ ကျင်းပကြရာ ယမန်နေ့ ညပိုင်းက ကြံခင်းမြို့ နယ်လုံးဆိုင်ရာ ဂေါတမသဗ္ဗညူ ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီးတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ကြသည်။