သတင်းများ

ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃၃၂၅) ဦး ထိုးနှံပြီးဖြစ်
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက စတုတ္ထအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၃၃၂၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် စာဖတ်ဝိုင်းကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
သံတောင်ကြီးမြို့နယ်ဖယ်ဖိုးကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု(၄၀)ရာခိုင်နှုန်းပြီးစီး
Nov 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာသို့ ယမန်နေ့နေ့လည်(၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင် စပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ ဝမ်ကတ်ဘုန်းကြီးကျောင်း၌ စုပေါင်းကထိန်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာနေ ဒေသခံပြည်သူများ စုပေါင်း၍ ကထိန်ပဒေသပင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
သရက်မြို့၌ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင်ဒုတိယညအဖြစ် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်
Nov 09,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်တော်အေးရပ်ကွက်အတွင်းရှိ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းကို ယမန်နေ့ ညက (၇)နာရီက ဆီမီးတစ်ထောင် ထွန်းညှိပူးဇော်ခဲ့ကြသည်။
ကလေးမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask Campaign ဆောင်ရွက်
Nov 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်း စျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒက္ခိဏသီရိမြို့နယ်၊ ဒုတိယအကြိမ်  အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို
Nov 09,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ တောင်ဝိုင်းကြီးနေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာ တော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။