သတင်းများ

နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင်ထူးချွန်သည့် သားကောင်းသမီးကောင်းများဖြစ်ကြစေလို
Nov 09,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။
သုဝဏ္ဏဝတီမြို့ရှိ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းပြန်လည်တည်ဆောက်နိုင်ရေး အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
Nov 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် မီးဘေးသင့်ခဲ့ရသည့် သိမ်ဆိပ်ကျောင်းကြီး အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယနေ့နံနက်က တာဝန်ရှိသူများပူးပေါင်းကာ အလှူငွေ၊ သင်္ကန်းနှင့် လူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းနားကို အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းများဖွင့်လှစ်
Nov 09,2022
ဒေသတွင်းစက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ လူနေမှုအဆင့်အတန်းမြှင့်မားလာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge(SB) တို့ပူးပေါင်းဖွင့်လှစ်သော သင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပသည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 09,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရွှေကူ) “ပညာ့ဂုဏ်ရည်” ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌  ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေး ပြုလုပ်
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင်  ခရိုင်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာများ ကော်မတီအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
လဲချားတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်
Nov 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့မကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့ပါသည်။
ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 09,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။