ညောင်ဦး နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ညောင်ဦးမြို့ အမှတ်(၃)၊ ငှက်ပစ် တောင်ရပ်ကွက် ဇေတဝန်ဘုန်းတော်ကြီးသင်အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများ ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ် လာစေရန် စာအုပ်စာပေဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့အ ကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်များ၊ ဗီနိုင်းပိုစတာများပြသပေးရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းရာ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများက ပြန်လည်ရှင်းပြခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ