ပြည်မြို့နယ် ထန်းပေါက်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ထန်းပေါက်ကျေးရွာ ကွင်းအမှတ်၊ ၇၄၁(D)ရှိ တောင်သူ ဦးအောင်ပြည့်၏ မိုးစပါးစံပြကွက် တစ်ဧက၌ ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ တစ်ဧကအထွက်နှုန်း စပါး(အစို)(၁၁၀ ဒသမ ၁၇) တင်းထွက်ရှိကြောင်းနှင့် ခြောက်သွေ့ပြီးစပါးတစ်ဧက အထွက်နှုန်း (၁၀၃) တင်းခန့်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများထံမှ သိရသည်။