သတင်းများ

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း Mask Campaign ဆောင်ရွက်
Nov 09,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်တွင် အမ်းတပ် နယ်စျေးရှေ့လမ်းမ၌ ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်းနှင့် ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " အမျိုးသားနေ့" အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀  နာရီက ကျင်းပသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသူ(၃၅)ဦးအား (HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေး
Nov 09,2022
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ ကျောင်းသူ(၃၅)ဦးအား ယမန်နေ့က (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
နတ်မောက်မြို့နယ်   န-လက်ခုပ်ပင်  အနောက်ကွင်းတွင် ကုလားပဲများ စတင်စိုက်ပျိုး
Nov 09,2022
နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် အနောက်ဘက်ရှိ လက်ခုပ်ပင်အနောက်ကွင်း လယ်မြေများ၌   ကုလားပဲသီးနှံများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် (BookClub) အဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး အန္တရာယ်တာဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ကြောင်း သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း ( အခြေခံ ) သင်တန်းများအား ကျေးရွာများသို့ကွင်းဆင်းဖွင့်လှစ်
Nov 09,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီ အသင်းမှကြီးမှူး၍ ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ် အ ထ က (ကွမ်းမိုးဒိန်း) ကျောင်းတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ သိရသည်။
ကလိန်အောင်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာ‌ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်
Nov 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲများကို ယနေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။