သတင်းများ

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများခင်းကျင်းပြသ
Nov 11,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များအားသိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာပြခန်းများအား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိကွင်းတွင်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် G-5 စာမေးပွဲဆိုင်ရာဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ပို့ချ
Nov 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြင်တင်ရပ်ကွက်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က G-5 စာမေးပွဲဆိုင်ရာဆွေးနွေးပွဲသင်တန်းကို ပညာရတနာဗိမာန်အဆောင်တွင် သင်တန်းပို့ချခဲ့သည်။
(၄၇) ကြိမ်မြောက် မြစ်ကြီးနားမြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကျင်းပ
Nov 11,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်လုံးဆိုင်ရာ (၄၇) ကြိမ်မြောက်ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက  မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင် မြို့ဥုးကျောင်းတိုက်အတွင်းရှိ သဂ္ဂနဒီဓမ္မာရုံတော်တွင်  ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ မဟာဂန္ဓာရုံ ကျောင်းတိုက် ဦးစီးပဓာန
ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေး ပြိုင်ပွဲများ ပြုလုပ်
Nov 11,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ယနေ့နံနက် ၉ နာရီအချိန်က ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေးပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ
Nov 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကာယ၊ ဉာဏများဖွံ့ဖြိုးစေရန်နှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Nov 11,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာမူလတန်းကျောင်း (နာဟောင်)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့၌ အ​ခြေခံလူတန်းစားအိမ်​ထောင်စုများအတွက် အက်တမ် (ATOM) က ဆန်များ​ အခမဲ့ထောက်ပံ့​ပေးအပ်
Nov 11,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ယ​နေ့နံနက် ၉ နာရီအချိန်က သာသနာ့ဗိမ္မာန်​တော်ကြီး၌ အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် ATOM (Advancing Telecommunications of Myanmar) က ဆန်များအခမဲ့​ ထောက်ပံ့ပေး​ခဲ့ကြောင်း သိရသည်။