သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်
Nov 10,2022
ကချင်ပြည်နယ်အတွင်းမှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် စိုက်ပျိုးရေး ထုတ်ကုန်များအပါအဝင် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် ပိုမိုလွယ်ကူ မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်စည်တင်/ပို့ယာဉ်များ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
တနင်္သာရီမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Nov 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ညနေ (၄) နာရီအချိန်က ပြသ‌ခဲ့သည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက် (ခေါ်) စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း
Nov 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက် (ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ချောင်းဆုံမြို့မအမှတ်(၂)ဈေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
Nov 10,2022
ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉)နာရီအချိန်က ချောင်းဆုံမြို့မအမှတ်(၂)ဈေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာရှိ ဝါစံပြကွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 10,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဝါစိုက်ဧက (၂၂၈၄၆) စိုက်ပျိုးနိုင်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တောင်ထောင့်ကျေးရွာရှိ ဝါစံပြကွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းမြောက်ရပ်ကွက်အတွင်းသို့ စာအုပ်/စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသရုံး Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်
Nov 10,2022
တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ၊၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အဆိုပါအသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းချပြရှင်းလင်း
Nov 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ စီးပွားရေးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် စီမံကိန်းလုပ်ငန်းချပြရှင်းလင်းခြင်းကို ယနေ့နံနက်က(စိုက်ပျိုး၊ မွေးကု၊ ကျေး/လက်၊ သ/မငါးလုပ်ငန်း)ဦးစီးဌာနမှ တာဝန်ရှိသူများသည် (ဘိုးနက်၊ ကညှော်၊ ကော့မုပွန်)ကျေးရွာများသို့ ကွင်းဆင်းခဲ့ကြသည်။