ချောက် နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က သာသနာ့ဗိမ္မာန်တော်ကြီး၌ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ATOM (Advancing Telecommunications of Myanmar) က ဆန်များအခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ချောက်မြို့ပေါ်ရပ်ကွက်များရှိ အမှတ်(၅)ရပ်ကွက်မှ အမှတ်(၁၅) ရပ်ကွက်ထိ ရပ်ကွက်(၁၁)ရပ်ကွက်မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်ထုတ်ယူခွင့် လက်မှတ်များဖြန့်ဝေ၍ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင်၂ ကီလိုဂရပ် ဆန်တစ်အိတ်နှုန်းဖြင့် အိမ်ထောင်စု(၇၅၀)စုအတွက် ဆန်များအခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးမှုအား အက်တမ်(ATOM) နှင့်အတူ မနောဖြူလူမှုကူညီရေးအသင်းက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)