ငဖဲ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကာယ၊ ဉာဏများဖွံ့ဖြိုးစေရန်နှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယုယုသိန်းက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်အကြောင်းအရာများကို အသိပညာပေးပြောကြားပြီး အခြေခံပညာမူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းဆင့် Grade-1 နှင့် Grade-3 ကျောင်းသားကျောင်းသူ(၂၇)ဦး ယှဉ်ပြိုင်ပါဝင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ကာ မြို့နယ်ရုံးမှပြသထားရှိသော (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)